သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး ရာထူး (၇၆) နေရာအတွက် စာမေးပွဲဖြေဆိုရန်အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး

နေပြည်တော်

စာမေးပွဲဖြေဆိုရန်အသိပေးကြေညာခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၆ ခုနှစ်၊  ဇူလိုင်လ (၁၈) ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာ နှင့်ကြေးမုံ သတင်းစာများမှ ခေါ်ယူထား သည့် သစ်တောဦးစီးဌာနတွင်  လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ်  ၁၈၀၀၀၀ -   ၂၀၀၀ - ၁၉၀၀၀၀) ရာထူး (၇၆) နေရာ အတွက် လျှောက်လွှာတင်ထားသည့် ပုဂ္ဂိုလ်များကို သစ်တော တက္ကသိုလ်၊  ရေဆင်းတွင် အောက်ဖော်ပြပါအတိုင်း ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါသည်-

စဉ်

ဘာသာရပ်

ဖြေဆိုမည့်ရက်

အချိန်

(က)

မြန်မာစာ

၁၇-၉-၂၀၁၆

(စနေနေ့)

၀၉ : ၀၀နာရီမှ ၁၁ : ၀၀နာရီထိ

(ခ)

အင်္ဂလိပ်စာ

၁၇-၉-၂၀၁၆

(စနေနေ့)

၁၃ : ၀၀နာရီမှ ၁၅ : ၀၀နာရီထိ

(ဂ)

အထွေထွေဗဟုသုတ

၁၈-၉-၂၀၁၆

(တနင်္ဂနွေနေ့)

၀၉ : ၀၀နာရီမှ ၁၁ : ၀၀နာရီထိ

၂။   စာမေးပွဲဖြေဆိုရန်အတွက် မိမိတို့တစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်များကို သစ်တောတက္ကသိုလ် ၊ ရေဆင်းတွင်လည်းကောင်း၊ သစ်တောဦးစီးဌာန၏ www.forestdepartment.gov.mm  website တွင်လည်းကောင်း ကြိုတင်ကြေညာ ပေးထားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူ များအား လူတွေ့ဖြေဆိုရမည့် ရက်စွဲ၊ အချိန်၊ နေရာ တို့အား ဆက်လက်ထုတ်ပြန်ကြေညာ ဆောင် ရွက်သွား မည်ဖြစ်ပါသည်။

၃။  စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုမည့် ၂၀၁၆ ခုနှစ်၊စက်တင်ဘာလ ၁၇ရက် (စနေနေ့) နံနက် ၈း ၀၀နာရီအရောက် ဖြေဆိုရန်နေရာသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း နှင့်အတူလာရောက်သတင်းပေးပို့ရန်နှင့် စတင်စစ်ဆေးမည့်သတ်မှတ်ချိန်ထက် နောက်ကျ၍ စာမေးပွဲ ခန်းမအတွင်းသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်များအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ် ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

သစ်တောဦးစီးဌာန

 

ခုံအမှတ် နှင့် အမည်စာရင်းများကို pdf file တွင် ကြည့်ရှုနိုင်ပါသည်။