စာမေးပွဲဖြေဆိုရန်အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး

နေပြည်တော်

စာမေးပွဲဖြေဆိုရန်အသိပေးကြေညာခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာနှင့်ကြေးမုံ သတင်းစာများမှ ခေါ်ယူထားသည့် သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃) (လစာနှုန်း ကျပ် ၁၆၅၀၀၀ - ၂၀၀၀ - ၁၇၅၀၀၀) ရာထူး (၄) နေရာအတွက် လျှောက်လွှာတင်ထားသည့် ပုဂ္ဂိုလ်များကို ရေဆင်း၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် အောက်ဖော်ပြပါအတိုင်း ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါသည်-

စဉ် ဘာသာရပ် ဖြေဆိုမည့်ရက်  အချိန်
(က) မြန်မာစာ ၁-၁၀-၂၀၁၆ (စနေနေ့) ၀၉ : ၀၀နာရီမှ ၁၁ : ၀၀နာရီထိ
(ခ) အင်္ဂလိပ်စာ ၁-၁၀-၂၀၁၆ (စနေနေ့) ၁၃ : ၀၀နာရီမှ ၁၅ : ၀၀နာရီထိ
(ဂ) အထွေထွေဗဟုသုတ ၂-၁၀-၂၀၁၆ (တနင်္ဂနွေနေ့) ၀၉ : ၀၀နာရီမှ ၁၁ : ၀၀နာရီထိ

၂။ စာမေးပွဲဖြေဆိုရန်အတွက်မိမိတို့တစ်ဦးချင်းစီ၏စာမေးပွဲခုံနံပါတ်များကို သစ်တောသုတေသနဌာန၊ ရေဆင်းတွင်လည်းကောင်း၊ သစ်တောဦးစီးဌာန၏ www.forestdepartment.gov.mm website တွင်လည်းကောင်း ကြိုတင်ကြေညာပေးထားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူ များအား လူတွေ့ဖြေဆိုရမည့် ရက်စွဲ၊ အချိန်၊ နေရာ တို့အား ဆက်လက်ထုတ်ပြန်ကြေညာဆောင် ရွက်သွားမည်ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုမည့် ၂၀၁၆ခုနှစ်၊ အောက်တို ဘာလ ၁ ရက် (စနေနေ့) နံနက် ၈ : ၀၀နာရီအရောက် ဖြေဆိုရန်နေရာသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ လာရောက်သတင်းပေးပို့ရန်နှင့် စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက် နောက်ကျ၍ စာမေးပွဲခန်းမအတွင်းသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်များအား စာမေးပွဲဖြေဆို ခွင့်ပြု မည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

သစ်တောဦးစီးဌာန