၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ သြဂုတ်လအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

 သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝသစ်တော သယံဇာတများ ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရားမဝင် သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုများ ပပျောက်စေရန် တရားမဝင်သစ် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိသည့် နည်းလမ်း(၅)ခုဖြစ်သော စီမံချက်ချမှတ်ဖမ်းဆီးခြင်း၊ သတင်းရယူစုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်း၊ ပြည်သူလူထု/ မိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်းဖမ်းဆီးခြင်း၊ ပုံမှန်အစီအစဉ်ဖြင့်ဖမ်းဆီးအရေးယူခြင်း၊ ပြည်ပသို့ ခိုးယူသယ်ဆောင်နိုင်သည့်လမ်းကြောင်းများ၌ ပိတ်ဆို့ဖမ်းဆီးခြင်းတို့ကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အခြားဌာန ဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခင်နှစ် ၂၀၁၅- ၂၀၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တရားမဝင်သစ်မျိုးစုံ - ၄၆၁၅၃.၀၅၈၄ တန်ဖမ်းဆီးရမိခဲ့ပါ သည်။

   ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ သြဂုတ်လအထိ ပူးပေါင်းအဖွဲ့များဖြင့် တရား မဝင်သစ်ဖမ်းဆီး အရေးယူခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်းမှ ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း - ၇၅၇၇.၂၅၁၅ တန် ၊ မေလအတွင်း- ၃၅၂၅.၁၃၆၇ တန်၊ ဇွန်လအတွင်း-၃၁၈၅.၆၃၉၄ တန်၊ ဇူလိုင်လအတွင်း-၂၇၉၆.၂၁၂၁ တန် နှင့် သြဂုတ်လအတွင်း- ၂၀၂၄.၀၇၃၈ တန်တို့ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း တရားမဝင်သစ်- ၁၉၁၀၈.၃၁၃၅ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။