မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြအခမ်းအနား

(၃-၁-၂၀၁၇)ရက်နေ့၊ နံနက်(၁ဝ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(နေပြည်တော်)၏ တာဝန်ရှိသူများမှ "မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြအခမ်းအနား" ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဌာနအသီးသီးမှ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ များမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်နည်းများအား ရှင်းလင်းဟောပြော၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပါသည်။