နေရင်းဒေသများနှင့် အဓိကမျိုးစိတ်များပြန်လည်ထူထောင်ရေး လုပ်ငန်း စီမံချက်ရေးဆွဲတင်ပြသည့်အစည်းအဝေး

(၅-၁-၂၀၁၇)ရက်နေ့၊ နံနက်(၈ : ဝ၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ “နေရင်းဒေသများနှင့် အဓိကမျိုးစိတ်များပြန်လည်ထူထောင်ရေးလုပ်ငန်း စီမံချက်ရေးဆွဲတင်ပြသည့်အစည်းအဝေး” ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာရှိများ၊ ဥယျာဉ်/ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ဥယျာဉ်/ ဘေးမဲ့တောများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။