ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာရှိများအား JICA Mission Team မှ Mr. Kenichi Shishido ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံခြင်း

(၁၀-၁-၂၀၁၇)ရက်နေ့ (၁၃ : ဝ၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဧည့်ခန်းမတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာရှိများအား JICA Mission Team မှ Mr. Kenichi Shishido ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့လာရောက်တွေ့ဆုံပြီး REDD+ လုပ်ငန်းများအတွက် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်အတွင်း (၇-၁-၂၀၁၇) ရက်နေ့မှ (၈-၁-၂၀၁၇)ရက်နေ့အတွင်း ကွင်းဆင်း လေ့လာမှုများကို ရှင်းလင်တင်ပြ ဆွေးနွေးခဲ့ကြသည်။