Myanmar Elephant Conservation Action Plan-MECAP Review Workshop ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society- WCS) တို့ပူးပေါင်း၍ မြန်မာ့ဆင်များ ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်(မူကြမ်း)အား ပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (Myanmar Elephant Conservation Action Plan-MECAP Review Workshop) ဖွင့်ပွဲအခမ်းအနားကို (၁၆-၁-၂၀၁၇)ရက်နေ့၊ နံနက် (၀၉ : ဝ၀)နာရီအချိန်တွင် Grand Amara ဟိုတယ်၊ နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။