မြန်မာနိုင်ငံတောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့်အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (International Centre for Integrated Mountain Development - ICIMOD) တို့ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံတောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အလုပ်ရုံဆွေးနွေးပွဲကို (၁၆-၁-၂၀၁၇) ရက်နေ့တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားပါသည်။