အာဆီယံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (ASEAN UNIT) ပထမအကြိမ် (၁/၂၀၁၇) အစည်းအဝေး

(၁၈-၁-၂၀၁၇)ရက်နေ့၊ နံနက်(၁ဝ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ အာဆီယံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (ASEAN UNIT) ပထမအကြိမ် (၁/၂၀၁၇) အစည်းအဝေးကျင်းပပြုလုပ်ရာ ကဏ္ဍ အသီးသီးအတွက် ဖွဲ့စည်းထားသော Working Group အဖွဲ့အစည်းများအား ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေး ခဲ့ကြသည်။