ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာရှိများအား World Bank မှ Mr. Mika- Petteri Torhonen, Lead Land Administration Specialist လာရောက်တွေ့ဆုံ

(၁၉-၁-၂၀၁၇)ရက်နေ့ (၁၃ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဧည့်ခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာရှိများအား World Bank မှ Mr. Mika- Petteri Torhonen, Lead Land Administration Specialist လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ မြေယာကဏ္ဍဆိုင်ရာနှင့်ပတ်သက်၍ လေ့လာမှုများပြုလုပ်ရာတွင် ပံ့ပိုးပေးနိုင်ရေး၊ ဆန်းစစ်လေ့လာရေးနှင့် မြန်မာနိုင်ငံ၏ မြေယာစီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ အထောက်အပံ့ဖြစ်စေနိုင်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။