သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA)တို့ ပူးပေါင်းကျင်းပသည့် ရေဝပ်ဒေသဆိုင်ရာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြား

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA)တို့ ပူးပေါင်းကျင်းပသည့် ရေဝပ်ဒေသဆိုင်ရာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး အစည်းအဝေးကို (၃၀-၁-၂၀၁၇) ရက်နေ့၊ နံနက် (၉ : ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ရေဝပ်ဒေသများကို ရေရှည်တည်တံ့စွာ အသုံးပြုခြင်းနှင့် စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နိုင်ရန် ရမ်ဆာကွန်ဗင်းရှင်း အပေါ် ထားရှိရမည့် ကတိကဝတ်များကို ဖြည့်ဆည်းရန်နှင့် ဆက်စပ်သူများ အားလုံးပါဝင်မှုဖြင့် ရေဝပ်ဒေသများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျော့နည်းရေး အခန်းကဏ္ဍကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။