သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဧည့်ခန်းမတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် အရာရှိများအား CTI Myanmar မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

(၁-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၉ : ၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဧည့်ခန်းမတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် အရာရှိများအား CTI Myanmar မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပြီး အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းအဆိုပြုလွှာပြုစုထားရှိမှုကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။