သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်အား သစ်တောသုတေသနဌာနနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးတာဝန်ရှိသူများမှတွေ့ဆုံခြင်း

(၆-၂-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃ : ၀၀) နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်အား သစ်တောသုတေသနဌာနနှင့် ညွှန်ကြားရေးမှူးချုပ်ရုံး တာဝန်ရှိသူများမှတွေ့ဆုံ၍ သစ်တောသုတေသနဌာနရှိ သုတေသနစခန်း (၈) ခုအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြဆွေးနွေး ခဲ့ကြပါသည်။