ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၈) ဖွင့်ပွဲ အခမ်းအနား

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှဖွင့်လှစ်မည့် ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၈)ဖွင့်ပွဲ အခမ်းအနားကို (၈-၂-၂၀၁၇)ရက်နေ့၊ နံနက်(၉:ဝ၀)နာရီအချိန်တွင် ရေဆင်း၊ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အမှာစကားပြောကြားသည်။  သင်တန်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနနှင့် ဝန်ထမ်း ရေးရာဦးစီးဌာနတို့မှ သင်တန်းဆရာများမှ စာတွေ့သင်ကြားခြင်း၊ လက်တွေ့ပြသခြင်းများ သင်ကြားပို့ချလေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလမှာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့မှ (၂၁)ရက်နေ့ထိဖြစ်ပြီး မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ သင်တန်းသား (၃၀) ဦးအား သင်ကြားပို့ချမည်ဖြစ်ပါသည်။