သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် Asia Air Survey Co. Ltd., (AAS) တို့ပူးပေါင်းကျင်းပသည့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းအတွက် သစ်တောအတန်းစားကျဆင်းမှု ဆန်းစစ်လေ့လာခြင်း အလုပ်ရုံ ဆွေးနွေးပွဲ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် Asia Air Survey Co. Ltd., (AAS) တို့ပူးပေါင်းကျင်းပသည့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းအတွက် သစ်တောအတန်းစားကျဆင်းမှု ဆန်းစစ်လေ့လာခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၀-၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉ : ဝ၀) နာရီတွင် သစ်တောသုတေသန (စုဝေးခန်းမ) ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ဦးကျော်ကျော်လွင် တက်ရောက်အမှာစကားပြောကြားပြီး AAS မှ Mr.Takiro Sano နှင့် Forestry Agency, Japan မှ Mr. Shegike Hata တို့မှ နှုတ်ခွန်းဆက်အမှာစကား အသီးအသီးပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ဂြိုလ်တုဓာတ်ပုံများအသုံးပြု၍ သစ်တောအတန်းအစားကျဆင်းမှုဆန်းစစ်လေ့လာခြင်း လုပ်ငန်းများ နှင့် Drone နည်းပညာအသုံးပြု၍ သစ်တောသတင်းအချက်အလက်တိုင်းတာခြင်းလုပ်ငန်းများ၊ သစ်တောအတန်းအစား ကျဆင်းမှုဆန်းစစ်လေ့လာခြင်း ဆိုင်ရာလမ်းညွှန်ချက် ရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းများအား ဆွေးနွေးကြမည်ဖြစ်သည်။ အခမ်းအနားသို့ ဆက်စပ်ဌာနအသီးသီးမှ ကိုယ်စားလှယ်များ Forestry Agency Japan မှကိုယ်စားလှယ် များ၊ Waseda University မှ ပါမောက္ခ၊ AAS အဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ UN-REDD Programme မှကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှအရာရှိများနှင့် ဧည့်သည်တော် များ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။