ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁-၁-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်တွင်းမြို့နယ် တဘက်ကွေ့စခန်းအထက် ခန့်မှန်း မြေပုံညွှန်း(A-718890)နေရာတွင် YGN-9K-7804 Nissan အမျိုးအစား(၆)ဘီးယာဉ် ပေါ်မှ တရားမဝင် အခြားခွဲသား (၃၂)ချောင်း၊ (၂.၈၈၉၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင် ရွက်မည်ဖြစ်ပါသည်။