နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်ရှိန်းရွာနှင့် သရက်တောရွာမှ ရပ်မိရပ်ဖိများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၁-၁-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်ရှိန်းရွာနှင့် သရက် တောရွာမှ ရပ်မိရပ်ဖိများပါဝင်သောအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-ကံပြား - မကွေးလမ်းမိုင်တိုင်(၇/၂)အနီးတွင် ယာဉ်အမှတ်(၉ဌ/၂၃၃၇၁) တပ်ဆင်ထားသော အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၁၁)ချောင်း၊ (၁.၈၀၂၄)တန်နှင့် အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၁(က) အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။