မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (သစ်တောလုံခြုံရေးနှင့် ကျောက်ထုရဲစခန်း)မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၂-၁-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (သစ်တောလုံခြုံရေးနှင့် ကျောက်ထုရဲစခန်း)မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောမြို့နယ် ကျောက်ထု-ပခုက္ကူကားလမ်း မိုင်တိုင် (၆၅/၇)တွင် ယာဉ်အမှတ်(6K/8001)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ခဲရောင်၊ (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်(သစ်မာ/အခြား)ခွဲသား (၂၂၂)ချောင်း၊ (၄.၃၂၁၄)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။