ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ခုံကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၃-၁-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ခုံကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ သည် အင်္ဂပူမြို့နယ်၊ ဥသျှစ်ပင်ကြော ခန့်မှန်းမြေပုံညွှန်း(၁၇၉၅-၀၁ GQ- ၁၇၄၈၁၈) နေရာတွင် ယာဉ်အမှတ်(4G/1503)တပ်ဆင်ထားသည့် (SKAT)အမျိုးအစား၊ အနီ ရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၂၁)ချောင်း၊ (၂.၉၃၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)၊ မော်တော်ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၇(ခ)အရ အရေးယူဆောင်ရွက်စီစဉ်လျက် ရှိပါသည်။