ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒီးမော့ဆိုမြို့မအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၅-၁-၂၀၁၇)ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒီးမော့ဆိုမြို့မအုပ်ချုပ်ရေးအဖွဲ့ တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီမော့ဆိုမြို့နယ်၊ ခေါတမငယ်ရပ်ကွက်၊ တောင်ဘက် (၁) မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း(LW-752680)နေရာတွင် ယာဉ်အမှတ်မပါရှိသည့် NISSAN အမျိုးအစား၊ နီညိုရောင်(၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် (ကျွန်း/ အခြား) ခွဲသား၊ (၆၅၅)ချောင်း၊ (၉.၆၆၇၅)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်နှင့် ယာဉ်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။