စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၇-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့သည် စစ်ကိုင်း-မင်းကွန်းသွားကားလမ်း၊ ရှင်ဖြူရှင်လှဘုရားအနီးတွင် ယာဉ်အမှတ်(7A/5566) တပ်ဆင်ထားသော DYNA အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ် မှ တရားမဝင်အခြားခွဲသား(၃၉)ချောင်း၊ (၃.၇၃၉၆)တန်နှင့် တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရလည်းကောင်း၊ အဆိုပါနေ့တွင် စစ်ကိုင်း-ရွှေဘို-မုံရွာကားလမ်း အိုးဘိုရပ်ဓမ္မာရုံအနီးတွင် ယာဉ်အမှတ်(5H/7919)တပ် ဆင်ထားသော TOYOTA အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက် ခွဲသား(၁၀)ချောင်း၊ (၀.၅၈၀၆)တန်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ တရားခံ အား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။