စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လဲကန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ရင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၉-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လဲကန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ရင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်(၅၃/၂)အနီးတွင် (ယာဉ်မောင်း/ပစ္စည်းပိုင်ရှင်)မတွေ့ရှိဘဲ ရပ်တန့်ထားသည့် ယာဉ်အမှတ်(9B/4589) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူရောင်(၁၀) ဘီးယာဉ်ပေါ်မှ တရားမဝင် (ကျွန်း/ပိတောက်)ခွဲသား၊ (၁၄၁)ချောင်း၊ (၁၀.၇၅၈၆)တန် အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင် သစ်ခွဲသားများနှင့် ယာဉ် အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိပြီး ပိုင်ရှင်နှင့်ပါဝင်ပတ်သက်သူများ အား ဆက်လက်အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။