ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် အလုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၉-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် အလုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ အမှတ်(၂)သစ်စက်ဟောင်းဝင်းအတွင်းတွင် ယာဉ် အမှတ်(6F-7052) တပ်ဆင်ထားသော (ISUZU)အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ် ပေါ်မှ တရားမဝင် ကျွန်း(သစ်လုံး/ခွဲခြမ်း)၊ (၁၂)လုံး/ခြမ်း၊ (၁.၀၅၈၂)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၃(က)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။