စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မုံရွာတောင်ရပ်ကွက်မှ အသိသက်သေများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၀-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မုံရွာတောင်ရပ်ကွက်မှ အသိသက်သေ များပါဝင်သောအဖွဲ့သည် မုံရွာမြို့နယ်၊ အိုးဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေး၊ သားဖွားမီးယပ်ဆေးရုံအနီးတွင် ယာဉ်အမှတ်(YGN-1E/2690) တပ်ဆင်ထားသော (PAJERO)အမျိုးအစားယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၁၇)ချောင်း၊ (၁.၀၀၈၄) တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။