ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့မှ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခြင်း

(၁၀-၁-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကြံခင်းမြို့နယ်၊ ကိုးအင်းအုပ်စု၊ ကိုးအင်းကျေးရွာ အနောက်ဖက်၊ ဝါးတောအတွင်း ခန့်မှန်းမြေပုံညွှန်း(၁၈၉၅-၀၃,GR -၂၅၈၂၃၇) နေရာတွင် ဂျင်ဒေါင်း(၂၈ H.P) အင်ဂျင်(၁)လုံးနှင့် လွှဝိုင်းအပါအဝင် သစ်စက်ဆက်စပ် ပစ္စည်း(၆)မျိုး တပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံး၊ တရားခံ(၁)ဦးအား ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ဂ)အရ အရေးယူဆောင်ရွက် ထားရှိပါသည်။