မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၁-၁-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ငဖဲမြို့နယ်၊ မန်းကြိုးပြင်၊ မန်းဆည်အနီး ခန့်မှန်းမြေပုံ ညွှန်း(FT-499200)နေရာတွင် ထော်လာဂျီအမျိုးအစား၊ ယာဉ်အမှတ်မပါ၊ အပြာရောင် ယာဉ်ပေါ်မှ တရားမဝင် အင်ကြင်းခွဲသား(၃၉)ချောင်း၊ (၀.၇၈၈၂)တန်နှင့်အတူ တရားခံ (၃)ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)ဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ပါသည်။