ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၂-၁-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး၊ ကီလိုမီတာအမှတ် (151 km နှင့် 152 km) ကြားတွင် ယာဉ်အမှတ် (၁ဂ/၆၉၃၇) တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ ဖြူပြာရောင်၊ (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား ခန့်မှန်း(၈)တန်ခန့်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသစ်များအား အသေးစိတ်တိုင်းတာစစ်ဆေးလျက်ရှိပြီး တရားခံအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။