ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဂုံမင်းမြောင်ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၃-၁-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဂုံမင်းမြောင်ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၇၉/၆ နှင့် ၇၉/၇)ကြားနေရာတွင် ယာဉ်အမှတ်(1C/3046)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၀၉)ချောင်း၊ (၁၀.၁၄၇၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။