ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သစ်တောဦးစီးဌာန၊ ခလရ (၂၇၄)မှ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၃-၁-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သစ်တောဦးစီးဌာန၊ ခလရ (၂၇၄)မှ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် မင်းတပ်မြို့အဝင် ခန့်မှန်းမြေပုံညွှန်း(EU- 962638) နေရာတွင် ယာဉ်အမှတ်(3B/4177)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူ ရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ထင်းရှူးခွဲသား(၁၅၄)ချောင်း၊ (၃.၀၁၅၀)တန်နှင့် အတူ တရားခံ(၃)ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၂(ခ) အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။