မွန်ပြည်နယ် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်ကျွန်းတံခါးချပ်များဖမ်းဆီးရမိခြင်း

(၁၃-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအဖွဲ့သည် သထုံမြို့နယ်၊ ကြာပန်း-ဝီယော်ခရိုင်ချင်းဆက်လမ်း၊ ကြာပန်းကျေးရွာတွင် ယာဉ်အမှတ်(NPW RLG/ 5329)တပ်ဆင်ထားသော အဖြူရောင်(၄)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ် (၉၅)ချပ်၊ (၁.၁၀၀၄)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။