စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၃-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ရှာဖွေဖမ်းဆီးရေးဆောင်ရွက်စဉ် စစ်ကိုင်း-မုံရွာ-ရွှေဘိုသွားကားလမ်း၊ ကျော်ထက်ကွေ့အနီး ခန့်မှန်းမြေပုံ ညွှန်း(HV-082232)နေရာတွင် ယာဉ်အမှတ်(1J/7967) တပ်ဆင်ထားသော (CANTER) အမျိုးအစား၊ (၆)ဘီးယာဉ်ပေါ်မှ (ဆန်၊ ဆန်ကွဲ၊ စပါးခွံ)အိတ်များဖြင့် ဖုံးအုပ်သယ်ယူ လာသော တရားမဝင် တမလန်းဓားရွေ(၅၆)တုံး၊ (၂.၀၅၃၆)တန်နှင့်အတူ တရားခံ(၂) ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် စစ်ကိုင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပါသည်။