စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၁၃-၁-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ဖောင်းပြင်မြို့နယ်၊ နောင်မနားရွာအရှေ့ဘက်၊ (၅)ဖာလုံခန့်အကွာနေရာတွင် (၄) လုံးထုံးအပြာရောင်(၄)ဘီးယာဉ်ပေါ်မှ တရားမဝင် (ကျွန်း၊ အင်ကြင်း)ခွဲသား (၁၁၅) ချောင်း၊ (၁.၆၅၅၆)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား ဖောင်းပြင်ရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါ သည်။