ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တိုက်ကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ကြီးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၄-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တိုက်ကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ကြီးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပဲခူး-ဇောင်းတူ-တိုက်ကြီး ကားလမ်း မိုင်တိုင်(၃၉/၀)အနီးတွင် ယာဉ်အမှတ်(2M/7582) တပ်ဆင်ထားသော Forland အမျိုးအစား၊ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၅၀)ချောင်း၊ (၂.၀၉၀၄)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား တိုက်ကြီး ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိပါသည်။