ကယားပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဘောလခဲမြို့မရဲစခန်း နန်းဖဲ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် နန်းဖဲအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၄-၁-၂၀၁၇)ရက်နေ့တွင် ကယားပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဘောလခဲမြို့မရဲစခန်း နန်းဖဲ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် နန်းဖဲအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် ဘောလခဲမြို့၊ နန်းဖဲရွာတောင်ဘက် ခန့်မှန်းမြေပုံညွှန်း (LW-833234)နေရာတွင် ယာဉ်အမှတ် (9K/5529) တပ်ဆင်ထားသော ဒန်ဘာအမျိုးအစား၊ အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်စကွဲယား(၁၄)ချောင်း၊ (၃.၆၆၆၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ပါသည်။