မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန နှင့် မဟာအောင်မြေ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမရပူရမြို့နယ် သံဃာ့နာယကဥက္ကဌဆရာတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တောင်သမန်ကျေးရွာနှင့် အောင်မြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ တရားမဝ

(၁၄-၁-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန နှင့် မဟာအောင်မြေ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမရပူရမြို့နယ် သံဃာ့နာယကဥက္ကဌဆရာတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တောင်သမန်ကျေးရွာနှင့် အောင်မြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့သည် အမရပူရမြို့နယ်၊ တောင် သမန်အုပ်စု၊ အိုးဘိုရပ်ကွက်၊ ရန်ကုန်-မန္တလေးကားအမြန်လမ်း၊ မိုင်တိုင်(၃၆၄/၇)အနီး သစ္စဝါဒီဘုန်းကြီးကျောင်း မြောက်ဘက်အဝင် တရားမဝင်(ပိတောက်/တမလန်း)ဓားရွေ (၁၇၇)ချောင်း၊ (၉.၂၁၇၈)တန်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ချမ်းသာကြီးချမ်းသာရဘုရားရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တံခွန်တိုင်အဝိုင်းအနီး ယာဉ် အမှတ်(MDY-4K/4618) တပ်ဆင်ထားသော ယာဉ်မှတ်ပုံတင်၌ ယာဉ်အမှတ် (4J/6959) တွေ့ရှိရသည်၊ HINO အမျိုးအစား၊ အဖြူရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် (တမလန်း/ပိတောက်)ဓားရွေ(၆၈)ချောင်း၊ (၇.၉၉၃၆)တန်အား သိမ်းဆည်း ရမိပါသည်။ စုစုပေါင်းသိမ်းဆည်းရမိမှုမှာ တရားမဝင်(ပိတောက်/တမလန်း) ဓားရွေ (၂၄၅)ချောင်း၊ (၁၇.၂၁၁၄)တန်နှင့် မော်တော်ယာဉ်(၁)စီးဖြစ်ပါသည်။ သိမ်းဆည်းရမိ သည့် တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိ ပြီး ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား ဥပေဒနှင့်အညီအရေးယူနိုင်ရေး စုံစမ်းဖော် ထုတ်လျက်ရှိပါသည်။