ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် နောင်ချိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၄-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် နောင်ချိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် နောင်ချိုမြို့နယ်၊ ဂုတ်တွင်းတံတားအနီး ခန့်မှန်းမြေပုံညွှန်း(2296/15- KE-774733) နေရာတွင် ယာဉ်အမှတ်(MDY-2L/1337) တပ်ဆင်ထားသော TOYOTA အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၃၅)ချောင်း၊ (၀.၆၇၈၀)တန်နှင့် အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ တရားခံအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အရေးယူဆောင်ရွက်လျက်ရှိပါသည်။