ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သင်တောရိုးအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သင်တောရိုးအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်(၈၁/၇)နေရာတွင် ယာဉ်အမှတ်(6L/6332) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဖြူစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၆၀)ချောင်း၊ (၄.၄၆၃၀)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ တရားခံများ အား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။