မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ(ရေစကြို)မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ရေစကြိုမြို့မရဲစခန်းနှင့် သတင်းတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ(ရေစကြို)မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ရေစကြိုမြို့မရဲစခန်းနှင့် သတင်းတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ရေစကြိုမြို့နယ်၊ ပခုက္ကူ-မုံရွာကားလမ်း၊ ဖူလုံကျေးရွာအနီး၊ ဘီးခွန်ကောက်စခန်းတွင် ယာဉ်အမှတ်(6K/2759) တပ်ဆင်ထား သော NISSAN အမျိုးအစား၊ (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၆၈) ချောင်း၊ (၄.၉၅၃၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် ရေစကြိုမြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိပါသည်။