ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်မီးသွေးများဖမ်းဆီးရမိခြင်း

(၁၆-၁-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများအဖွဲ့သည် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ရုံးရှေ့၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၃၄/၆)အနီးတွင် ယာဉ်အမှတ်(1G/4429) တပ်ဆင်ထားသော (HILUX) အမျိုးအစား မီးခိုးရောင်ယာဉ်ပေါ်မှ တရားမဝင် ပေါင်(၃၀)ဝင် မီးသွေး(၂၀၀)အိတ်၊ (၂၁.၃၃)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရလည်းကောင်း၊ ယာဉ်အား သစ်တောဥပဒေ ပုဒ်မ ၄၇(ခ)အရလည်းကောင်း အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။