ကချင်ပြည်နယ်၊ မန်စီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မန်စီမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မန်စီမြို့ ကောင်ရာရပ်နှင့် ပြင်ဦးလွင်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၇-၁-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်၊ မန်စီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မန်စီမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မန်စီမြို့ ကောင်ရာရပ်နှင့် ပြင်ဦးလွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့သည် မန်စီမြို့နယ်၊ ဗန်းမော်- မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၀)နေရာတွင် ယာဉ်အမှတ်မပါ သရီးကရောင်း အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား(၃၂၆)ချောင်း (၄.၀၅၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တော ဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်ထားရှိပါသည်။