"မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုမူဝါဒဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ" ကို နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂပတ်ဝန်း ကျင်အစီအစဉ်၊ ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ်နှင့် မြန်မာရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသော "မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြားပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော်၊ သတ္တု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဌ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဌ ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၁၀:၀၀ နာရီတွင် ဆက်လက်ကျင်းပရာ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ အဆိုပြု အခြေခံအ ချက်များနှင့်စပ်လျဉ်း၍ အကြောင်းအရာ ခေါင်းစဉ်အလိုက် အုပ်စု(၄)စု ခွဲကာ ဆွေးနွေးကြပြီး ဆွေးနွေးမှုရလဒ်နှင့် အကြံပြုချက်များကို အဖွဲ့လိုက်ပြန်လည်ဆွေးနွေး တင်ပြကာ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က နိဂုံးချုပ်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၁၇:၀၀ နာရီတွင် ရုပ်သိမ်းပါသည်။