မွန်ပြည်နယ်၊ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သထုံမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ် များဖမ်းဆီးရမိခြင်း

(၁၇-၁-၂၀၁၇)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သထုံမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း မိုင်တိုင် ၁/၄ တွင် ယာဉ် အမှတ်(4E/8865) တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ အပြာရောင်(၁၄)ဘီး ယာဉ်ပေါ်မှ တရားမဝင် အခြားသစ်ခွဲသား(၂၀၈)ချောင်း၊ (၈.၈၆၇၄)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။