စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကသာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၇-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကသာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကသာမြို့၊ ကသာ-အင်းတော်ကားလမ်း၊ မြို့ဝင်ဘီးခွန် ဂိတ်အနီး ခန့်မှန်းမြေပုံညွှန်း KG-247797 ၌ ယာဉ်အမှတ်(4G/4514) တပ်ဆင်ထား သော (လီဖန်း)အမျိုးအစား (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၂၁၇)ချောင်း (၁.၇၁၄၇)တန်နှင့်အတူ တရားခံ(၄)ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အရေးယူဆောင်ရွက်ထားရှိပါသည်။