ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်မြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်လေမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်မြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်လေမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့၏ အနောက်မြောက်ဘက်၊ နမ့်စန်မှ (၈)မိုင်ခန့်အကွာ လွိုင်ယဲကျေးရွာအုပ်စု၊ လွိုင်ယဲ- တိုင်းကောင်-လဲချားသွားမြေလမ်း၊ မြေတွင်းတစ်နေရာ ခန့်မှန်းမြေပုံညွှန်း(LD-614230) နေရာတွင် ယာဉ်အမှတ်(၅ခ/၆၂၄၆ ၊ ၈ဇ/၆၆၇၇၊ ၈စျ/ ၈၇၆၈၊ 8E/ 6983) တပ်ဆင်ထားသော NISSAN အမျိုးအစား (၁၂)ဘီးယာဉ် (၄)စီး ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ ဓားရွေ) (၈၉)လုံး/တုံး (၂၆.၁၈၁)တန်နှင့်အတူ တရားခံ(၆)ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား ပ.ပ.က ဥပဒေ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။