ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၀/၇) Toll Gate တွင် ယာဉ်အမှတ် 4M/6357 တပ်ဆင်ထားသော FUSO အမျိုးအစား၊ အဖြူရောင်(၆) ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၇၁)ချောင်း၊ (၁၀.၇၅၁၀)တန်နှင့်အတူ တရားခံ (၃)ဦး ဖမ်းဆီးရမိပါသည်။ ပိုင်ရှင်အား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ လည်းကောင်း၊ ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၇(ခ)အရလည်းကောင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ပါသည်။