မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကြို့ပင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စီကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့မှ တရားမဝင် သစ်များဖမ်းဆီးရမိခြင်း

(၂၈-၁-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကြို့ပင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စီကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် ၁၈၃/၆ အနီးတွင် ယာဉ်အမှတ် မ/၁၂၆၇ တပ်ဆင်ထားသည့် PE-RESOINA အမျိုးအစား (၆)ဘီးယာဉ် ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၄)ချောင်း၊ (၅.၁၃၆၂)တန်နှင့် တရားခံ(၁)ဦးဖမ်း ဆီးရမိပါသည်။ တရားခံအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ထားရှိပါသည်။