နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မှုခင်းအကူတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ် များဖမ်းဆီးရမိခြင်း

(၂၈-၁-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မှုခင်းအကူတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဇေယျာ သီဒ္ဓိဘောလုံးကွင်းအနီးတွင် ယာဉ်အမှတ်(3K/6507) တပ်ဆင်ထားသော FUSO အမျိုး အစား၊ အစိမ်းရောင်(၁၂)ဘီးယာဉ်နှင့် 3I/6418 တပ်ဆင်ထားသော Super Great အမျိုးအစား၊ ငွေရောင်(၁၂)ဘီးယာဉ်၊ စုစုပေါင်းယာဉ်(၃)စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသား(၁၄၁)ချောင်း၊ (၂၄.၁၇၀၈)တန်နှင့် တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံနှင့် ဆက်စပ်ပတ်သက်သူများအား ပ.ပ.က ဥပဒေပုဒ်မ ၆(ခ)ဖြင့် ရွှေတွင်းကုန်း ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိပါသည်။