ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ(သစ်တောလုံခြုံရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့)မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ(သစ်တောလုံခြုံရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့)မှ ရဲတပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်းတိုးဂိတ်တွင် ယာဉ် အမှတ် YGN-5G/8632 တပ်ဆင်ထားသော TOYOTA အမျိုးအစား အဖြူရောင်ယာဉ် နှင့် MDY- 1F/2419 တပ်ဆင်ထားသော(MITSUBISHI)အမျိုးအစား၊ ဖြူစိမ်းကြား အရောင် ယာဉ်(၂)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ(၂၄)တုံး၊ (၁.၆၉၆၀)တန်နှင့် အတူ တရားခံ(၄)ဦးဖမ်းဆီးရမိခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ တရားခံများ နှင့် ပါဝင်ပတ်သက်သူများအား လားရှိုးမြို့မရဲစခန်းတွင် ပ.ပ.ကဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။