ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်

(၁၇-၂-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဦးသိန်းနိုင်ကြွယ်(လက်ထောက် ညွှန်ကြားရေးမှူး) စီမံခန့်ခွဲရေးဌာနမှ တူရကီနိုင်ငံတွင် (Expo 2016, Myanmar Day) အခမ်းအနား တက်ရောက်ခဲ့သည့် အတွေ့အကြုံ များနှင့် ဦးနေယု (ဦးစီးအရာရှိ) လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနမှ ဂျပန်နိုင်ငံတွင် (ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှု မူဝါဒရေးဆွဲခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားစေရေးဆောင်ရွက်ခြင်း) သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။