ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စံဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စံဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့၊ Oriental High Way ဂိတ်တွင် ယာဉ်အမှတ်- YGN-6G/3961 တပ်ဆင်ထားသော IPSUM အမျိုးအစား အဖြူ ရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၁၉)တုံး (၀.၆၈၁၆)တန်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ စစ်ဆေးထွက်ဆိုချက်များအရ တရားခံနှင့်ပါဝင်ပတ် သက်သူများအား သီပေါမြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ထားရှိ ပါသည်။